မိုင်းဖြတ်မြို့နယ်၌ (၇၇)နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အ​လေးပြုခြင်းနှင့် သ​ဝဏ်လွှာဖတ်ပွဲအခမ်းအနားကျင်းပ

မိုင်းဖြတ် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)မိုင်းဖြတ်မြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံ​တော်အလံတင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်၊ နံနက် ၄ နာရီ ၂၀ မိနစ်က မြို့နယ်ပြည်သူ့ပန်းခြံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ဦး​ဆောင်မှုဖြင့် ပြည်​ထောင်စုသမ္မတမြန်မာနိုင်ငံ​တော်အလံကိုလွှင့်ထူပြီးအ​လေးပြုခြင်း၊ ကျဆုံး​လေပြီး​သော အာဇာနည်​ခေါင်း​ဆောင်ကြီးများနှင့် ရဲ​ဘော်အ​ပေါင်းအား အ​​လေးပြုခဲ့​ကြောင်းသိရသည်။

ဆက်လက်၍ နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို အဆိုပါပြည်သူ့ပန်းခြံ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗ်ိုလ်ချုပ်မှူးကြီး  သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမျိုးက ဖတ်ကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့သည်။ထို့​နောက် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနက ထုတ်​ဝေသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ​စောင်များကို ဝန်ထမ်းများက ဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ရွှေကို(မိုင်းဖြတ်)