တွံတေးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန ရွှေသူဌေးစိုက်/မွေးစခန်းနှင့် တောကြီးတန်း စိုက်/မွေးစခန်းမှ အကျဉ်းသားများ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

တွံတေး ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန၊ ရွှေသူဌေး စိုက်/မွေးစခန်းနှင့် တောကြီးတန်းစိုက်/မွေးစခန်းမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၂/၂၀၂၅)ဖြင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းသာယာရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း စည်းကမ်းသတ်မှတ်ချက်ဖြင့်  ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင်ထုတ်ပြန်ခဲ့ရာ တွံတေးမြို့နယ်အတွင်းရှိ အကျဉ်းဦးစီးဌာန ရွှေသူဌေးစိုက်/မွေးစခန်းနှင့် တောကြီးတန်းစိုက်/မွေးစခန်းမှ အကျဉ်းသားများ လွတ်မြောက်ခဲ့ကြောင်း သိရှိရသည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ရွှေသူဌေးစိုက်/မွေးစခန်းမှ အကျဉ်းသား ကျား(၂၃)ဦး၊ တောကြီးတန်း စိုက်/မွေးစခန်းမှ အကျဉ်းသား ကျား (၁၉)ဦး၊ ပေါင်း(၄၂)ဦးတို့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းစခန်းတာဝန်ခံများမှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုအခမ်းအနားများကျင်းပ၍ ၎င်းတို့အား တွေ့ဆုံကာ လိုအပ်ချက်များမှာကြား၍ သက်ဆိုင်ရာစည်းကမ်းချက်များနှင့်အညီနေထိုင်ရန် ခံဝန်ကတိလက်မှတ်များရေးထိုးစေ၍ ၎င်းတို့၏နေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ရွှေသူဌေး စိုက်/မွေးစခန်းမှ ယနေ့လွှတ်သူ (၂၃)ဦး၊ ယခင်ကြိုလွှတ်သူ (၂၁)ဦး၊ ပေါင်း(၄၄)ဦး၊ တောကြီးတန်းစိုက်/မွေးစခန်းမှ  ယနေ့လွှတ် (၁၉)ဦး၊ ယခင်ကြိုလွတ်သူ(၅) ဦး၊ ပေါင်း (၂၄)ဦးဖြစ်သည့်အတွက် အကျဉ်းစခန်း (၂)ခုမှ အကျဉ်းသားစုစုပေါင်း (၆၈)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တွံတေးသား