ခရမ်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့်ဆုချီးမြှင့်ပွဲကျင်းပ

ခရမ်း ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးကျင်းပသည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကို ခရမ်းမြို့ မြို့မအားကစားကွင်းတွင် ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲအဖြစ် ကျား၊ မ မီတာ၁၀၀အပြေး၊ အာလူးကောက်၊ ပြေးခုန်ပစ်မီတာ ၁၀၀၊ ၅၀ပြိုင်ပွဲ၊ မုန်စားပြိုင်ပွဲစသည့် ရိုးရာအားကစားနည်းများ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေ ပြည်သူများက ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲများမှ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များကို ပထမဆု ၁၀၀၀၀ ကျပ်၊ ဒုတိယဆု ၇၀၀၀ ကျပ်၊ တတိယဆု ၅၀၀၀ ကျပ်ကို တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရမ်း(ပြန်/ဆက်)