ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂) ခရိုင်ချင်းဆက်လမ်းမှ လမ်းပိုင်း(၆)နေရာအား လမ်းတိုးချဲ့ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများခင်းခြင်းဆောင်ရွက်

ကျောက်ဆည် ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရေးလမ်း၊ တံတားများအသစ်တည်ဆောက်ပေးခြင်း၊ ပြန်လည်ပြုပြင်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ဒေသအတွင်းနှင့် အခြားဒေသထွက်ကုန်များ ကုန်စည်စီးဆင်းမှုမြန်ဆန်ရေး အမှတ်(၂)ခရိုင်ခြင်းဆက်လမ်းမှ လမ်းပိုင်းတ(၆) နေရာအား လမ်းတိုးချဲ့ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းပေးခဲ့ကြောင်း သိရသည်။ 

ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏မိုင်တိုင်အမှတ် (၄၈)ကီလိုမီတာမှ (၄၉.၄၅)ကီလို မီတာအတွင်းရှိ အရှည်(၁.၄၅)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား ကတ္တရာထပ်ပိုးလွှာခြင်း၊ မိုင်တိုင်အမှတ် (၇၁.၆)ကီလိုမီတာမှ (၇၃)ကီလိုမီတာအတွင်းရှိ အရှည်(၁.၄)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား ကတ္တရာထပ်ပိုးလွှာခြင်း၊ မိုင်တိုင်အမှတ်(၇၃)ကီလိုမီတာမှ (၇၄.၀၂၉)ကီလို မီတာအတွင်းရှိ အရှည်(၁.၀၂၉)ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား ကတ္တရာထပ်ပိုးလွှာခြင်း၊ မိုင်တိုင်အမှတ် (၅၀.၂) ကီလိုမီတာမှ (၅၁)ကီလိုမီတာအတွင်းရှိ အရှည်(၀.၄)ကီလိုမီတာ၊ အကျယ်(၇.၃၁)မီတာအား  ကတ္တရာထပ်ပိုးလွှာခြင်း၊ မိုင်တိုင်အမှတ်(၄၆)ကီလိုမီတာမှ (၄၇)ကီလိုမီတာအတွင်းရှိ အရှည်(၁) ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာမှ (၅.၅)မီတာ လမ်းတိုးချဲ့ခြင်းနှင့်  ကတ္တရာထပ်ပိုးလွှာခြင်း၊ မိုင်တိုင်အမှတ်(၇၀.၂)ကီလိုမီတာမှ (၇၁.၆)ကီလိုမီတာအတွင်းရှိ အရှည်(၁.၄) ကီလိုမီတာ၊ အကျယ်(၃.၆၆)မီတာအား ကတ္တရာထပ်ပိုးလွှာခြင်းလုပ်ငန်းများဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်အတွက် လမ်းများ၊ တံတားများ၊ လူနေထိုင်ရာအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန်၊  သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အချိန်ကုန်သက်သာပြီး ကုန်ကျမှုစရိတ်သက်သာစေရန်နှင့် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများသယ်ယူရာတွင် အချိန်တိုအတွင်းလွယ်ကူမြန်စွာ သယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)