ပုဇွန်တောင် ဇန်နဝါရီ ၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများကို ယမန်နေ့ မနက် ၉ နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တစ်ပြိုင်နက် ကျင်းပပြုလုပ်ခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် တာဝန်ရှိသူများက အမှာစကားပြောကြားကြပြီး ကျောင်းသား/ကျောင်းသူများက စုံညီပွဲတော်သီချင်း များဖြင့် သီဆိုဖျော်ဖြေကြသည်။ ယင်းနောက် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသူများ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် စာပေနှင့် ဖွံ့ဖြိုးရေး ထူးချွန်ဆုရရှိသူများ၊ အတန်းစဉ်ဆုရရှိသူများ၊ လူရည်ချွန်ဆုရရှိသူများ၊ စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများ၊ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးကြသည့် ဆရာ/ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြင့်ကြသည်။ ၎င်းနောက် တက်ရောက်လာကြသူများက ကျောင်းသား/ကျောင်းသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်