ညောင်ရွှေ ဇန်နဝါရီ ၅
၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံလွှင့်တင်ခြင်းအခမ်းနားကို ယမန်နေ့နံနက် (၄)နာရီ (၂၀)မိနစ်တွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားအတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံလွှင့်တင်ခြင်းကို ဦးဆောင်ပြုလုပ်ခဲ့ပြီး အခမ်းအနားတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
၎င်းနောက် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက်(၇)နာရီတွင် ဆက်လက်ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဖတ်ကြားခဲ့သည်။
ထို့နောက် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွှတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ