သာကေတမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲ ပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

သာကေတ ဇန်နဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလားပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲများ၏ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)အချိန်တွင် မြို့နယ်အားကစားခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ အဖွဲ့ဝင်(၃)မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ‌ဦးကျော်မင်းဦး၊ အတွင်းရေးမှူး ရဲမှူးညွန့်ဝင်း၊   မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

အဆိုပါ(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီက္ကဋ္ဌဖလား တိုက်ကွမ်ဒို၊ပိုက်ကျော်ခြင်းပြိုင်ပွဲ များ၏ဗိုလ်လုပွဲစဥ်များ အားဆက်လက် ယှဥ်ပြိုင်ကြရာရပ်ကွက်ပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုတံဆိပ်နှင့် ပထမ (၃)သိန်းကျပ်၊ ဒုတိယ(၂)သိန်းကျပ်၊ တတိယ(၁)သိန်းကျပ် ချီးမြှင့်ပြီး တိုက်ကွမ်ဒိုပြိုင်ပွဲတွင် ဆုရရှိသူ များအား  ဆုတံဆိပ်နှင့် ပထမ(၁၀၀၀ဝ)ကျပ်၊ ဒုတိယ(၇၀၀၀)ကျပ်၊တတိယ( ၅၀၀၀) ကျပ်တို့အား အသီးသီးချီးမြှင့်ခဲ့ကာ ဒိုင်အဖွဲ့များနှင့်ကြက်ခြေနီတပ်ဖွဲ့ဝင် များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပြီးအခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)