ဇမ္ဗူသီရိ ဇန်နဝါရီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ဘောလုံးကွင်း၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစား ပြိုင်ပွဲများတွင် အပြေးပြိုင်ပွဲ၊ အိတ်စွပ်အပြေးပြိုင်ပွဲ၊ အာလူးကောက်၊ ပူပေါင်းဖောက်၊ မုန့်စားပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ သံပုံးရိုက်၊ ဘဲဖမ်း၊ ဘော်လီဘော ပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ ဆုရရှိသူများအား ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ အဖွဲ့ဝင် ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)