လွိုင်လင် ဇန်နဝါရီ ၅
၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ ခရိုင်လေ့ကျင့်ရေး အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာနိုင်ငံတော်အလံတင် အခမ်းအနားကို နံနက် (၄:၂၀)နာရီတွင် ကျင်းပပြီးနောက် နံနက် (၇) နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကြည်မြင့် ကဖတ်ကြားပါသည်။ ထို့နောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး၊ ကျပန်း ပြိုင်ပွဲအသီးသီးမှ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိန်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။
လွိုင်လင်မိုး