ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂ဝ၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးညီညီထွေး၊ အမှတ်(၁၀)ဆက်သွယ်ရေး တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန့်ဇင်လှိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးအားလွန်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာအခမ်းအနားကို နိုင်ငံတော်သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး‌‌နောက် အထက(မိုင်းဆတ်)မှ ဆရာမများက ဒီဇင်ဘာ(၅)ရက်‌နေ့တွင် (ယူနက်စကို)၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ဒြပ်မဲ့ယဥ်‌ကျေးမှုအ‌မွေအနှစ်အဖြစ် သတ်မှတ်ပေးခဲ့သည့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ဂုဏ်ပြုသောအားဖြင့် သင်္ကြန်မိုးသီချင်းဖြင့် ကပြ‌ဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ အ.ထ.က(မိုင်းဆတ်)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက လူငယ်စွမ်းရည်သီချင်းဖြင့်ကပြ ဖျော်ဖြေကြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊  ဦးညီညီ‌ထွေးနှင့်ခရိုင်ပညာရေးမှူး၊ ဦးအောင်ဇော်တို့က အမှာစကားပြောကြားကာ မိုင်းဆတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာကြီး ဦးသောင်းအေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ၂၀၂၄-၂၀၂၅ခုနှစ် ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ပါဝင်ကူညီ လှူဒါန်း‌ပေးပါသော အလှူရှင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က (မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)