မိုင်းတုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့မရပ်ကွက်၊ လွတ်လပ်ရေးကျောက် တိုင်ရှေ့မြက်ခင်းပြင်၌ ယမန်နေ့နံနက် ၄ နာရီ ၂၀ အချိန်က လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားပြုလုပ်၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို နံနက် ၇ နာရီတွင် မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က ဖတ်ကြားပြီးနောက် (၇၇)နှစ်မြောက် လွတ် လပ်ရေးနေ့ အကြိုအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုချီးမြှင့်ရာ သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများကပေးအပ်ရာ ဆုရရှိသူများက လက်ခံရယူကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက(၇၇)နှစ်မြောက် လွတ်လပ်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ ယင်းအခမ်းအနားသို့ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ မြို့ဖများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့များနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စုစုပေါင်းအင်အားသည် အလံအခမ်းအနားတွင် (၁၃၅)ဦးနှင့် လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားတွင် (၅၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်