မြစ်သား ဇန်နဝါရီ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကလေးငယ်များကိုယ်ကာယကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ အကြီးတန်း၊ အလယ်တန်း၊ အငယ်တန်း ကာယစွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့ မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကာယစွမ်းရည်ပြိုင်ပွဲတွင် ကစားနည်းများဖြစ်သည့် ဘောလုံးလွန်းပျံပြိုင်ပွဲ၊ ခွက်ထပ်ပြိုင်ပွဲ၊ အရုပ်ကောက်ပြိုင်ပွဲစသည့် ကစားနည်းမျိုးစုံကစားခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်သန်းသန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင်ရောက်ခဲ့သည့် ပြိုင်ပွဲဝင်ကလေးငယ်များအား အမှတ်တရလက်ဆောင်အရုပ်များ ပေးခဲကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်( ၁ )ဗိုလ်မှူးဘိုဘိုအောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာဝင်းနှင့်ဆရာမများ၊ ကလေးငယ်များ၏မိဘများနှင့် ပြိုင်ပွဲဝင်ကလေးငယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(ပြန်/ဆက်)