ဒဂုံတောင် ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဌာနဆိုင်ရာ လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမမန်နေ့ နံနက် ၁၀နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်ကြရေး ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အတွင်းရှိ ဌာနများအနေဖြင့် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး အစည်းအဝေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရန်ရှိပါက တင်ပြဆောင်ရွက်ကြရန် ကူညီရန်လိုအပ်ပါက ကူညီဆောင်ရွက်ပေးနိုင်ရန်များ စသည်ဖြင့် ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းမြင့်အောင်က လုံခြုံရေးဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေးပြီး (အတွင်းရေးမှူး) မြို့နယ်ရဲမှူးက အလံများ သစ်လွင်တောက်ပရေး အလံတင်အခံအနား ဆောင်ရွက်မည့်အခြေအနေများ၊ တက်ရောက်လာသူ ဌာနဆိုင်ရာအသီးသီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
နေမျိုးအောင်