သာကေတမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ကလေးပြိုင်ပွဲ ကျင်းပ

သာကေတ ဇန်နဝါရီ ၃

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကကြီးမှူးသည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီ မိနစ် ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အ​စည်းအဝေးခန်းမ၌ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင် (၂)ဦး ညွှန့်ဝေ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗိုလ်တထောင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာစုစုလွင်မှ ပြိုင်ပွဲဝင်သည့် ကလေးငယ်များအတွက် သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဥ်းသတ်မှတ်ချက်များအား ရှင်းလင်းပြောြကားခဲ့သည်။ ဆက်လက်ပြီး (၇၇)နှစ်​မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲတွင် မွေးစမှ(၆)လအတွင်း၊ (၆)လမှ (၁)နှစ်အတွင်း၊ (၁)နှစ်မှ (၁)နှစ် (၆)လအတွင်း၊ ၁ နှစ် (၆) လမှ (၂)နှစ်အတွင်းရှိသည့် ကလေးငယ် (၁၆)ဦးက ဝင်ရောက်ယှဥ်ပြိုင်ကြရာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစုစုလွင်နှင့် ဝန်ထမ်းများက သတ်မှတ်ထားသည့် စံနှုန်းများဖြစ်သည့် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရပ်တိုင်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်းရှိ/မရှိနှင့် ကျန်းမာရေးကောင်းမွန်ခြင်းရှိ/မရှိ စိစစ်ခြင်း၊ လအလိုက် ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ကျန်းမာရေးဗဟုသုတများကို မေးမြန်းစစ်ဆေးခြင်းစသည်တို့ဖြင့် အကဲဖြတ်အမှတ်ပေးပြီး  ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ အားပေးအပ်ခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)