တပ်ကုန်းမြို့နယ်   ညောင်ကိုင်းကျေးရွာအုပ်စုတွင်   ရာဂီမုန်တိုင်းအရှိန်ကြောင့်ပျက်စီးခဲ့သည့် နွားများအတွက် နိုင်ငံတော်မှ အစားထိုးပေးအပ်

တပ်ကုန်း ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊    နေပြည်တော်တပ်ကုန်းမြို့နယ်၊  ညောင်ကိုင်းကျေးရွာအုပ်စုတွင်  ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့်နွားများအတွက် နိုင်ငံတော်မှ အစားထိုးပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ကျင်းပခဲ့သည်။

ထိုသို့ပေးအပ်ရာတွင်  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဘစီ၊ ဥတ္တရခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဌေးထိုက်နှင့် ဝန်ထမ်းများ၊  ညောင်ကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများနှင့် တာဝန်ရှိသူများတက်ရောက်၍  ညောင်ကိုင်းကျေးရွာအုပ်စုတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော နွားများအစား  ညောင်ကိုင်း၊ ရွေးစုကျေးရွာများတွင် တောင်သူ(၃၆)ဦးအတွက် နိုင်ငံတော်မှပေးအပ်သည့် ဒေသနွား (၈၄) ကောင်အား တောင်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)