(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မှော်ဘီမြို့နယ် မြောက်ချောကုန်း-ရွှေစီးယင်း ကျေးရွာချင်းဆက်လမ်းသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

မှော်ဘီ ဇန်နဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော မှော်ဘီမြို့နယ် မြောက်ချောကုန်း-ရွှေစီးယင်း ကျေးရွာချင်းဆက်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသက်ဇော်က ကွန်ကရစ်လမ်းသစ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြောက်ချောကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်အေးအေးပိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်၊ မှော်ဘီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်၊ ညောင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဒေါ်အေးအေးပိုင်တို့မှ ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းမှာအရှည် (၇၀၀၀) ပေ၊ ထု(၇) လက်မ၊ အကျယ်(၁၂)ပေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၆၂၉.၈၈၂) သန်းဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝင်းဇော် (မှော်ဘီ)