မိုင်းယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချယ်ရီသီက အဖွင့်အမှာစကားနှင့် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းရှဲန်မိုင်မှ ပညာရေး စုံညီပွဲတော်ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)မှ ကျောင်းသား၊ကျောင်းသူလေးများမှ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကပဒေသာများဖြင့် ကပြဖျော်ဖြေကြပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်၊ ပြည်နယ်အဆင့်၊ ခရိုင်ဆင့်၊ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုများရရှိသည့် ကျောင်းသား/ ကျောင်းသူများ၊ လူရည်ချွန်မောင်/မယ်များအား တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်း လွှာများနှင့် ဆုတံဆိတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မိုင်းယန်းခရိုင်/မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားနှင့် ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး