ရန်ကုန် ဇန်နဝါရီ ၄
အခြေခံပညာဦးစီးဌာနရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ၂ဝ၂၅ ခုနှစ်၊ ပညာရေးစုံညီပွဲတော်ကို အ.ထ.က(၁) စွမ်းအားခန်းမတွင် ယနေ့ နံနက် (၈)နာရီက ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားတွင် အ.ထ.က(၁) ကျောင်းသား၊ကျောင်းသူများမှ စုံညီပွဲတော်တို့နွဲပျော် သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီးလမ်း မတော်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လမ်းမတော်မြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မေသီထက်နွေကျော်က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်ပြီး အ.ထ.က(၂) ကျောင်းသား/သူများမှ ပြည်ထောင်စုကြီး ထာဝရတည်တံစေသား သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် လမ်းမတော်မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကောင်းမြတ်ကျော်၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးလှသိန်းတို့က မြို့နယ်အဆင့် လူရည်ချွန်ဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်ပြီး သင်္ချာစွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ကြသည်
ထို့နောက် အ.လ.က(၁) ကျောင်းသား/သူလေးများက ထာဝရမြန်မာ့သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး မြို့နယ်အဆင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ ပထမဆုရရှိသူများ၊ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ဆုရရှိသူများ၊ စာစီစာကုံး၊ ကဗျာ ဆုရရှိသူများအား လမ်းမတော်မြို့နယ်ပညာရေး မှူးရုံးမှမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်မေသီထက်နွေကျော်က ဆုများချီးမြှင့်ခဲ့သည် လမ်းမတော်မြို့နယ်၊ ဌာနဆိုင်ရာ အကြီးအကဲများက စာစီစာကုံး၊ ကဗျာ ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့သည်
ထို့နောက် အမက(၁) ကျောင်းသား/သူ လေးများမှ ထာ၀ရသီချင်းဖြင့်လည်းကောင်း အမက(၇) ကျောင်းသားများမှ ဗုဒ္ဓံသရဏံဂစ္ဆာမိ တေးသီချင်းဖြင့်လည်းကောင်း အထက(၂)ကျောင်းသား၊ သူလေးများက ရှမ်းရိုးမအိုးစည်သီချင်းအကဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်ပြီး လမ်းမတော်မြို့နယ်၊ ဌာနဆိုင်ရာ အကြီးအကဲများမှ ဗဟိုအဆင့်၊ တိုင်းအဆင့် အားကစား ဆုများ၊ လမ်းမတော်မြို့နယ် ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများက မြို့နယ်အဆင့် အားကစားဆုများ အသီးသီးပေးအပ်ကြသည်။ ထို့နောက် အထက(၁)ကျောင်းသား၊ သူလေးများ “အ” အက္ခရာ အောင်ပါစေ သီချင်းပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရသည်။
ကျော်ဆန်းမြင့်