လယ်ဝေးမြို့နယ်ရုံး လူထုအ‌‌ခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

လယ်ဝေး ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအား ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက ကြယ်သီးတပ်(ကျား)၊ ဆန်ကောရွက်(ကျား၊ မ)၊ အိတ်စွပ်ပြေး(ကျား၊ မ)၊ ဂေါ်လီဇွန်းကိုက်ပြေး(ကျား၊ မ)၊ အာလူးကောက်ပြေး(ကျား၊ မ) ပြိုင်ပွဲများကျင်းပရာ ကျောင်းသား၊ ကျောင်းသူ (၈၁) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲများကျင်းပရာသို့ လယ်ဝေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သီတာဟန်နှင့် အဖွဲ့ဝင်များ၊ လယ်ဝေးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသဇင်မြင့်နှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါအားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ ၄ ရက် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)