တပ်ကုန်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ များကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အတော်ဆုံးတွေဘဲ ရှိတဲ့နေရာ (C.O.E) မူကြိုကျောင်းတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများကို ​ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်ကျောင်းသားကလေးငယ်များအား ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မူကြိုကျောင်းအုပ်ဆရာမနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အားကစားပြိုင်ပွဲများတွင် ပူစီဖောင်းညှပ်၊ အာလူးကောက်၊ ခွက်နင်းပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသားမိဘများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များ၊ လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် အသိပညာပေး နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်