ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၌ ကျင်းပပြုလုပ်သည်။
သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲတွင် မွေးကင်းစမှ ခြောက်လအထိပြိုင်ပွဲ၊ ခြောက်လမှ တစ်နှစ်အထိပြိုင်ပွဲ၊ တစ်နှစ်မှတစ်နှစ်ခွဲအထိပြိုင်ပွဲ၊ ကလေးအမွှာပြိုင်ပွဲနှင့် သားကောင်းမိခင်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြိုင်ပွဲများသို့ ပြိုင်ပွဲဝင်(၂၁)ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကိုလည်း မှော်ဘီခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစုစုစံ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)