မြင်းခြံမြို့၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မြင်းခြံ ဇန်နဝါရီ ၃

မြင်းခြံမြို့၌ မြို့နယ်အဆင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ဧရာဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ အ.ထ.က(၃) ကျောင်းသူ၊ ကျောင်းသားများက “စုံညီပွဲတော် တို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖျော်ဖြေပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပပြုလုပ်ရခြင်းအကြောင်းကို မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းက ရှင်းလင်းပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း မြို့နယ်အဆင့် ပြိုင်ပွဲများ၌ ပထမဆု၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ကြသော ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုဆုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးစောလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ဆုချီးမြှင့်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက “ထာဝရမြန်မာ”၊ “ပြည်မြန်မာ”၊ “ဆောင်းလရာသီ” သီချင်းဖြင့် အသီးသီးဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)