ကျိုက်မရော ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စစ်တုရင်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အ.မ.ကမူလွန်(၁)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်နှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိဦးကိုကိုဝင်းက စစ်တုရင်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အ.မ.ကမူလွန်(၁)ကျောင်းအုပ်ဆရာမကြီးဒေါ်ချိုလွင်လွင်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းခဲ့သည်။
ထို့နောက် အ.မ.ကမူလွန်(၁)ကျောင်းမှ စစ်တုရင်ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ(၂၄)ဦးတို့က တစ်ဦးချင်းစီ ပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၅ ခုနှစ်၊ (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားမှူး ဦးကိုကိုဝင်းထံမှ သိရသည်။
ချိူမြတ်မြတ်ထွေး(ပြန်/ဆက်)