မုဒုံမြို့၌ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

မုဒုံ     ဇန်နဝါရီ     

မွန်ပြည်နယ်မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အ..က()ကျောင်းရှိ ရှင်အရဟံခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက ထူးချွန်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရန်အတွက် အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းများဖြင့် ကြိုးပမ်းဆောင်ရွက်နေသည့် အချိန်ကာလတွင် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာရေးသည် အဓိကအခန်းကဏ္ဍမှာ ပါဝင်လျက်ရှိကြောင်း၊ ပညာရေး၏ စွမ်းအားဖြင့်

နိုင်ငံတော်အနာဂတ်အမျိုးသားရေးလိုအပ်ချက်အတိုင်း ဖြစ်ပေါ်တိုးတက်စေရအောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်းဌေးက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်နယ်အဆင့် Clean and Green ဆုရကျောင်းများ၊ ပညာရည်ချွန်၊ ကာယ၊ ဉာဏပြိုင်ပွဲများတွင် ထူးချွန်စွာဆုရရှိသည့် ကျောင်းသား/သူ များအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်၍ ကျောင်းသား/သူများက ရိုးရာယဥ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)