ကျောက်ပန်းတောင်း ဇန်နဝါရီ ၃
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့်၊ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်း ဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက၊ ဇန်နဝါရီ (၃) ရက်နေ့ နံနက် (၁၀) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နွယ်က မျိုးချစ် အာဇာနည်ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများနှင့် မျိုးဆက်သစ်များအနေဖြင့် လွတ်လပ်ရေးကို လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ (၁၅၀) စောင်နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် စောင်ရေ (၁၅၀) စောင်တို့ကို ဝန်ထမ်းများနှင့်အတူ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)