ရပ်စောက်မြို့နယ် ပန်းအုံကျေးရွာ၌ ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရပ်စောက် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရှိ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စု၊ ပန်းအုံကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တောင်ကြီးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးခွန်ဇော်မျိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ကျေးရွာတွင်း ကွန်ကရစ်လမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ရပ်စောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှေးရယ်က အဖွင့်အမှာစကားပြောကြားပြီး ပန်းအုံကျေးရွာ (VDP) ကော်မတီသို့ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူးနှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများက ကွန်ကရစ်လမ်းတ‌လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းသည် အရှည် (၁၀၀၀) ပေ၊ အကျယ် (၁၁)ပေ၊ (၆) လက်မထုကို စီမံကိန်းထောက်ပံ့ငွေကျပ် (၁၅.၀၀) သန်း၊ ပြည်သူထည့်ငွေ (၁၂.၈၀) သန်းဖြင့် ခင်းကျင်းခဲ့ရာ ကျေးရွာရှိ အိမ်ခြေ (၈၀) နှင့် လူဦးရေ (၃၁၅) ဦးအား အကျိုးပြုလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)