ကလော ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သခင်ကိုယ်တော်မှိုင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို ကလောမြို့ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းသား၊ကျောင်းသူများက ပညာရေးစုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် သီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကလောခရိုင်ပညာရေးမှူး ဒေါ်မြင့်မြင့်စန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက်၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးရရှိသည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို လည်းကောင်း၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ လူရည်ချွန်ဆု၊ “ဓမ္မစင်္ကြာရွတ်နှင့် စိန်ရောင်ခြည်ဘုရားပင့်" ပြိုင်ပွဲ ပထမဆု၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသည့် ကျောင်းသား၊ကျောင်း သူများကို ကလောခရိုင် ပညာရေးမှူးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ခဲ့ပြီး အမှတ်(၂)အခြေခံပပညာအထက်တန်း ကျောင်းသား/ကျောင်းသူများက ခြိမ့်ခြိမ့်သဲသီချင်းသီဆိုခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)