ညောင်ဦး ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ညောင်ပင်ကန်ကျေးရွာ စက်ရေတွင်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်က စက်ရေတွင်းအနီး ယာယီမင်္ဂလာမဏ္ဍပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
စက်ရေတွင်းဖွင့်ပွဲအခမ်းအနားတွင် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်က အဖွင့်အမှာစကားပြောကြားပြီး၊ ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီဦးက စက်ရေတွင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ညောင်ပင်ကန်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းတို့က စက်ရေတွင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရေထွက်နှုန်း၊ ဆိုလာပြားတပ်ဆင်ထားရှိမှု၊ ရေစင်တည်ဆောက်ထားရှိမှုနှင့်ညောင်ပင်ကန်ကျေးရွာအတွင်း စက်ရေတွင်းကနေ အိမ်အရောက်ရေသွယ်တန်းထားမှုတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်တင့်နှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်အထိ ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တွင်းတိမ် (၂) တွင်း၊ တွင်းနက် (၁၀၈) တွင်း၊ တွင်းနက် (CDD) (၇၆) တွင်း၊ လက်တူးတွင်း (၁) တွင်း၊ မြေသားရေကန် (၆၁) ကန်၊ မြေသားရေကန် (CDD) (၆၁) ကန်တို့အား ကျေးလက်ရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း