တန့်ယန်း ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကြည်လွင်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးအပ်ပွဲ ကျင်းပရခြင်းအကြောင်းအား အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာလွင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ယင်းနောက် ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကပြကြကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)