ဒေါပုံ ဇန်နဝါရီ ၃
ကလေးငယ်များဘဝ ကျန်းမာဖွံ့ဖြိုးပြီး ရောဂါကင်းရှင်းစေရန် ရည်ရွယ်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်က ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အားဆေး၊ သံချဆေးများတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာစစ်ဆေးပေးခြင်းများကို တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား ကိုယ်အလေးချိန်(ပေါင်)ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မွေးစမှအသက်(၂)လ၊ (၄)လ၊ (၆)လ၊ (၉)လနှင့် ၂နှစ်အရွယ်ကလေးငယ်များကို ဆုံဆို့နာ၊ ကြက်ညှာ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမှေးရောင်ရောဂါစသည့် ရောဂါများမှ ကာကွယ်နိုင်သည့် ငါးမျိုးစပ်ကာကွယ်ဆေးများအား ကလေးများ၏ အရွယ်အလိုက်သတ်မှတ်အကြိမ်များ ထိုးနှံပေးခြင်း၊ သံချဆေးနှင့် ကလေးအားဆေးများတိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ ဒေါပုံမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးရာတွင် အဆင်ပြေချာမွေ့စေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန် /ဆက်)