ပင်လောင်းမြို့၌ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ပင်လောင်း ဇန်နဝါရီ ၃ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက "ကြိုဆိုပါသည် စုံညီပွဲတော်" သီချင်းဖြင့် သီဆိုဖျော်ဖြေပေးပြီး မြို့နယ်ပညာရေးမှူး ဦးတင်ငွေက ပညာရေးစုံညီပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်များကို ပြောကြားသည်။

ထို့‌နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ဉာဏထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိများက ဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)