ကျောက်တလုံးကြီး ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ အားကစားပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ကျောက်တလုံးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က အဖွင့်အမှာစကားပြောကြားပြီး Grade-7 ကျောင်းသူ မနန်းကြည်ခမ်းနှင့် Grade-၈ ကျောင်းသူ မနန်းစင်ဖြိုးတို့က လွတ်လပ်ရေးနေ့သမိုင်းကြောင်း ဟောပြောခဲ့ပြီး အားကစားပြိုင်ပွဲတွင် မုန့်စား၊ ပူပေါင်းဖောက်၊ အာလူးကောက်၊ အပ်ချည်ထိုး၊ အိတ်စွပ်ပြေး၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ လက်ဆင့်ကမ်း၊ အမြင့်ခုန်၊ အလျားခုန်၊ စကောရွက်ပြိုင်ပွဲများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်ကြီးကြပ်မှုဖြင့် ကျင်းပပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲများကို ကဏ္ဍအလိုက် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစုံညီပွဲတော်တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန္တာ