လဲချား ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် လဲချားမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉) နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ မြို့နယ်အဆင့်စုံညီပွဲတော်အခမ်းအနားကို ကျောင်းသား/သူလေးများမှ "ပညာရေး" တေးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး လဲချားမြို့နယ် အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးစန္ဒာလွင်မှ ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ကျောင်းလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် လူရည်ချွန်ဆုနှင့် ကာယ၊ ဉာဏထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော် တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေကပြခဲ့ကြရာ အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား မိဘများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)