မိုင်းခုတ်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

မိုင်းခုတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြို့ပေါ်ရှိ စာသင်ကျောင်းများသို့ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့‌ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် (၇၇)နှစ်မြောက် လွတ်လပ်‌ရေးနေ့ အမျိုးသားဦးတည်ချက်(၅)ရပ်၊ အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေး(နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၄-၁-၂၀၂၄ ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်‌ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာမှ ကောက်နုတ်ချက်)၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များ (သိမှတ်ဖွယ်ရာဗဟုသုတအဖြာဖြာ ၂၀၂၄ စာအုပ်မှကောက်နုတ်ဖော်ပြသည်)၊ အေးအတူပူအမျှ (၁၉၄၆ ခုနစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ရွှေတိဂုံစေတီအလယ်ပစ္စယံ၌ ကျင်းပသော ဖဆပလညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်)၊ လွတ်လပ်ရေးကိုကာကွယ်ရမယ်(၁၉၄၈ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ် ဦးနုပြောကြားခဲ့သည့် မိန့်ခွန်းမှကောက်နုတ်ချက်၊ မွှေးမြပွင့်လန်းလွတ်လပ်ရေးပန်း (၂-၁-၂၀၂၄ ရက်‌နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှ)၊ ဆောင်ပုဒ်များ၊ ကာတွန်းများစသည့် အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရှိရသည်။

သီတာအေး(ပြန်/ဆက်)