မဟာအောင်မြေ ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ ဦးစီးကျင်းပသော တာဝေးအပြေးပြိုင်ကို ယနေ့နံနက် (၆)နာရီက မန္တလာသီရိအားကစားကွင်း၌ ကျင်းပခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှဦးစီးကျင်းပသော တာဝေး အပြေးပြိုင်ကို ကျောင်းသား၊သူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက် တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် တာဝေးအပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ လက်ဝှေ့၊ ထုပ်စည်းထိုးပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ပြီး စုစုပေါင်း အားကစားနည်း(၁၂)နည်းကျင်းပပေးမည်ဖြစ်ရာ ၂၀၂၅ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့တွင်လည်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် ကျန်အားကစားနည်းများအားလုံးကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း