ကျိုင်းတောင်းမြို့ ကိုယ့်အားကိုယ်ကိုး ကြယ်စင်ဖြူ မူကြိုကျောင်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးအားကစားပြိုင်ပွဲ ကျင်းပ

ကျိုင်းတောင်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနယ်မြို့နယ်၊ ကျိုင်းတောင်းမြို့ ကြယ်စင်ဖြူမူကြိုကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ်အဖြစ် မူလတန်းကြို ကလေးသူငယ်များ အားကစားပြိုင်ပွဲအား ကြယ်စင်ဖြူမူကြိုးကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်ခင်န္ဒာလှိုင် ကြီးမှုးဦးဆောင်၍ ပြုလုပ်ကျင်းပပေးခဲ့ကြောင်း သိရပါသည်။

(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကလေးအားကစားပွဲ၌ ကြယ်စင်ဖြူ မူကြိုကျောင်းရှိ ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးယောက်ျားလေး ၁၆ ယောက်နှင့် မိန်းကလေး ၂၀ ယောက် ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရှိရပါသည်။ အားကစားပွဲတွင် ကလေးငယ်များအား အသက်အရွယ်နှင့်အမျှ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖိနပ်စီး၊ ပူပေါင်းသည်၊ လွန်ဆွဲ၊ ဇကေားရွက်နှင့် ဇွန်းကိုက်ပြိုင်ပွဲများ စုံလင်စွာပြုလုပ်ကျင်းပပေးခဲ့ပြီး ကလေးမိဘများနှင့် အနီးနားပတ်ဝန်းကျင်မှ လာရောက်အားပေးသူများနှင့် စည်ကားသိုက်မြိုက်လျက်ကြောင်း သိရသည်။

ပြိုင်ပွဲကျင်းပပြီး အချိန်တွင်ကလေးငယ်များမှ ‘’မိုးရွာရင်မိုးရေချိုမယ်’’ သီချင်းဖြင့်ပျော်ရွှင်စွာ ကခုန်လျက်ရှိပြီး ဆရာမများမှ ပြိုင်ပွဲတွင်ဆုရသူများအား ဆုများပြင်ဆင်၍ ၁၀ နာရီ ၃၀ မိနှစ်အချိန်တွင် ဆုရကလေးငယ်များအား ပထမဆု၊ ဒုတိယဆု၊ တတိယဆု စသည်ဖြင့် ဆုများပေးအပ်ခဲ့ခြင်းဖြင့် လွတ်လပ်ရေးနေ့အကြို မူလတန်းကြိုအရွယ်ကလေး အားကစားပြိုင်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ကိုကို(ပြန်/ဆက်)