မိုင်းနောင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ အထကကျောင်းတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၁၀)နာရီအချိန်က အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မိုင်းနောင်မြို့အတွင်းရှိ ကျောင်းသားလူငယ်များအားလုံး မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ မိမိနိုင်ငံကိုချစ်ခင်မြတ်နိုးတန်ဘိုးထားတတ်စေရေးနှင့် လွတ်လပ်ရေးနေ့ သမိုင်းကြောင်းများ သိရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယခုဖြန့်ဝေသော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းမှကောက်နှုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ သို့ပေးပို့သည့်သဝဏ်လွှာမှ ကောက်နှုတ်ချက်များ၊ မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များနှင့်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ဖော်ပြထားကြောင်း သိရသည်။
မနန်း(မိုင်းနောင်)