ပင်လုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်းများနှင့် စျေးဆိုင်ခန်းများ၌ လိုက်လံဖြန့်ဝေခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေး ကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်(၅)ရပ်၊ လွတ်လပ်ရေးကို ကာကွယ်ရမယ် (ဝန်ကြီးချုပ်ဦးနု ပြောကြားခဲ့သည့်မိန့်ခွန်း) အေးအတူ ပူအမျှ (ဖဆပလ ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် မိန့်ခွန်း)၊ မွှေးမြပွင့်လန်း လွတ်လပ်ရေးပန်း(ကဗျာ)၊ အသက်တမျှ အရေးကြီးသည့်လွတ်လပ်ရေး (၄.၁.၂၀၂၄) ရက်နေ့ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်နှင့် ကာတွန်း စသည့်အသိပညာပေး အကြောင်းအရာများပါရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)