မိုင်းခတ် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့မအားကစားကွင်းနှင့် အားကစားခန်းမတို့တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ မီတာ(၅၀)ကျား/မ အပြေးပြိုင်ပွဲ(အငယ်တန်း)၊ မီတာ(၁၀၀)ကျား/မ အပြေးပြိုင်ပွဲ(အထက်တန်း)၊ မီတာ(၅၀)အာလူးကောက်(မ)၊ မီတာ(၅၀)သုံးချောင်းထောက် အပြေးပြိုင်ပွဲ(ကျား/မ)၊ အုန်းသီးရိုက်ပြိုင်ပွဲ(ကျား/မ)၊ ကြက်ဖခွပ်ပြိုင်ပွဲ(မ)၊ မုန့်စားပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲနှင့် ဂုံနီအိတ်စွပ်ပြိုင်ပွဲ(ကျား)စသည့် အားကစားပြိုင်ပွဲများကို ၂.၁.၂၀၂၅ ရက်နေ့မှ ၄.၁.၂၀၂၅ ရက်နေ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဦးကျော်ဌေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)