ခိုလမ်မြို့၊ အ‌ခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များငှားရမ်း

ခိုလမ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဟိုင်းလိုက်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်ပိုင်း(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး စာအုပ်စာစောင်များငှားရမ်းရာတွင်  အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေသော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်အတွက် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား/သူ (၃၅)ဦးတို့အား ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ခိုလမ်(ပြန်/ဆက်)