နောင်ချို ဒီဇင်ဘာ ၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့ မိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေ ထီဆိုင်မိသားစုမှ သက်ကြီးအဖိုး၊အဖွား (၄၀)နှင့် Quarantine Centre သို့ အလှူငွေနှင့်ပစ္စည်းများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်းသိရသည်။
လှူဒါန်းရာတွင် မိုးယံရွှေလမင်းနှင့်မြတ်ဆုကဋေ ထီဆိုင်မိသားစုများ ဖြစ်သော ဦးနေစိုးအောင်+ဒေါ်အိအိခိုင် မိသားစုတို့က ရပ်ကွက်အိမ်နီးနားချင်း အသက်(၇၀)ကျော် အဖိုး၊အဖွား(၄၀) ဦးတို့အား ဆန်၊ဆီ၊ဆေး၊ဆားနှင့် ငွေသားတို့ လှူဒါန်းပေးခဲ့သည်။
၎င်းအပြင် အထက(၁) Quarantine Centre တွင် လက်အိတ်နှင့်အခြား လိုအပ်သော ကျန်းမာရေးသုံးပစ္စည်းများဝယ်ယူနိုင်ရန် အလှူငွေ နှစ်သိန်းတိတိကို ပေးအပ်လှူဒါန်းခဲ့ရာ စေတနာမွန် လူမှုကူညီရေးအသင်းမှ ဦးမြတ်မိုးအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
ထွေးငယ်(နောင်ချို-ပြန်ဆက်)