မိုးနဲ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အမှတ်(၁၃)လွိုင်ယူးကာ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားပေးခဲ့သည်။ ထို့နောက် မူလတန်းအဆင့် ကျောင်းသား/သူလေးများအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် အလေးအလုပ်သမားပပျောက်စေရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်လိုက်ခြင်းကြောင့် ကျောင်းသား/သူလေးများအနေဖြင့် စကားပြောစွမ်းရည်များ ပိုမိုကောင်းမွန်လာခြင်း၊ အသိပညာများပိုမိုရရှိစေခြင်း၊ အတွေ့အကြုံသစ်များရရှိစေခြင်း၊ စာအုပ်စာပေ၏ အကျိုးကျေးဇူးများကို သိရှိစေခြင်း စသည့် အကျိုးကျေးဇူးများစွာကို ရရှိမည်ဖြစ်ကြောင်း သိရသည်။
ဇင်ကိုကို