မိုးနဲ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမနေရာ၌ ယမန်နေ့နံနက် ၁၁နာရီအချိန်က နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကျင်းပပြုလုပ်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအဖြစ် အထက်တန်းအဆင့် ကျောင်းသား/သူလေးများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ ဖုန်းအသုံးပြုမည့်အစား စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဉာဏ်ရည်ဉာဏ်သွေးကိုယ်ရည်ကိုယ်သွေးများ ထက်မြတ်လာစေရန်၊ ဉာဏစွမ်းရည်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စာဖတ်ပရိတ်သတ်များ ပိုမိုတိုးပွားလာစေရန်၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရန်အတွက် လစဉ်ဆောင်ရွက်လျက်ရှိသည့်အပြင် အသိပညာပေးလုပ်ငန်းများဖြစ်သည့် လူငယ်များနှင့်သက်ဆိုင်သော နံရံကပ်စာစောင်များ ပြသခြင်းကိုလည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင်လည်း နိုင်ငံတော်၏ရှေးလုပ်ငန်းစဉ်များ အများပြည်သူများ သိသင့်သိထိုက်သည်များပါရှိသော နံရံကပ်စာစောင်များကိုပါ စဉ်ဆက်မပြတ် ပြသလျက်ရှိကြောင်း သိရသည်။
ဦးဇင်ကိုကို