(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကြိုတင်ညှိနှိုင်းအည်းအဝေးသန်လျင်၌ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂

၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီတွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားကို အမျိုးသားရေးဦးတည်ချက်(၅)ရပ်ဖြင့် စနစ်တကျ စီစဥ်ကျင်းပသွားမည်ဖြစ်ပြီး လွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်၌လည်းကောင်း၊ နိုင်ငံတော်အလံအလေးပြုပွဲနှင့်သဝဏ်လွှာဖတ်ပွဲအခမ်းအနားကို အ.ထ.က(၁)ရတနာရှင်းသန့်ခန်းမ၌ ကျင်းပပြုလုပ်ရန်စီစဥ်ထားပြီးဖြစ်ကြောင်း ဌာနဆိုင်ရာရပ်ကွက်ကျေးရွာများအနေဖြင့် သတ်မှတ်အင်အားပြည့် တက်ရောက်ကြရန်လိုကြောင်းဖြင့် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက ရုံးဌာန၊ ရပ်ကွက်၊ ကျေးရွာရုံးများ၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်ရန်နှင့် မီးရောင်စုံများထွန်းညှိရန် ပြင်ဆင်ထားရှိမှု၊ ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ ကျင်းပရန် ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)