လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ သန်လျင်၌ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သန်လျင်မြို့နယ်ပညာရေးမှူးရုံးတို့ပူးပေါင်းကျင်းပသော (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပသည်။

လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများက "လွတ်လပ်ရေးနေ့တို့မမေ့" ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဓာတ်ပုံ၊ နံရံကပ်စာစောင်၊ ရေလှိုင်းစာအုပ်ပြပွဲများ ခင်းကျင်ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)