သာကေတမြို့နယ်တွင် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဖွင့်လှစ်ကျင်းပ

သာကေတ ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လ(၄)ရက် နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် (၉) နာရီအချိန်တွင် မြို့နယ်အားကစားကွင်း၌ သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူအဖွဲ့ဝင် (၁) ဗိုလ်မှူး သူရိန်ဇော်၊ အဖွဲ့ဝင်(၂)ဦးညွန့်ဝေ၊ အဖွဲ့ဝင် (၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူး ဦး‌ကျော်မင်းဦး၊ အတွင်းရေးမှူး ရဲမှူးညွှန့်ဝင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ စုစုပေါင်း(၂၇၀)ဦးခန့် တက်ရောက်ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် တာဝန်ရှိသူများမှ လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး တိုက်ကွမ်ဒိုအဖွဲ့မှ တိုက်ကွမ်ဒိုအားကစားသရုပ်ပြမှု အားကြည့်ရှုအားပေးခဲ့ကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းမှ တိုက်ကွမ်ဒိုအားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

ဆက်လက်ပြီး (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒိုနှင့် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲများ ယှဥ်ပြိုင်ကျင်းပလျှက်ရှိကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)