မိုင်းယောင်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ယမန်နေ့က ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို မုန်းလိုက်အားကစားကွင်း၌ အသီးသီး ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဆီမီးဖိုင်နယ် ပွဲစဉ်(၁)အဖြစ် ပညာရေးအသင်းနှင့် အာခါလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာခါလူငယ်အသင်းက ငါးဂိုး နှစ်ဂိုးဖြင့်လည်းကောင်း၊ ဆီမီးဖိုင်နယ် ပွဲစဉ်(၂)အဖြစ် မိုင်းယောင်းအသင်းနှင့် တပ်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မိုင်းယောင်းအသင်းက ခြောက်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
မိုင်းယောင်းမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇန်နဝါရီ ၄ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)