မိုးနဲ ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်ကျော့အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တိုးချဲ့မြေလွှဲအပ်ခြင်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၃၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းခန်းမနေရာရာ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးမျာက ဘက်စုံပညာကိုရည်တို့လှမ်းချီ တေးသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
ဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးခိုင်မင်းစိုးက အမှာစကားပြောကြားပြီး နောင်ကျော့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်စိုးဝင်းက ကျောင်းအတွက် တိုးချဲမြေအလှူခံရှိမှုအခြေအနေများကိုလည်းကောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးစဝ်ကျော်ကျော်က ပညာရည်ချွန် ဆုပေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ကျောင်းအတွက် တိုးချဲ့မြေလှူဒါန်းခဲ့ကြသောအလှူရှင်များနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများအား တာဝန်ခံမြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများကို အသီးသီး ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)