မက်မန်း ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူကုန်ကူးမှုဆိုင်ရာတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မက်မန်းမြို့နယ် မင်းရန်အောင်အုပ်စု၊ မင်းရန်အောင်ကျေးရွာ ဘက်စုံသုံးခန်းမတွင် သွားရောက် ကွင်းဆင်းဟောပြောခဲ့သည်။
ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးပဒေအရာရှိ ဦးထက်ပိုင်ဦးက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးမှ လူကုန်ကူးမှုတာဆီးကာကွယ်ရေးဥပဒေ၊ လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးခံရပါက ဆက်သွယ်ရမည့် ဖုန်းနံပတ်များ၊လူကုန်ကူးခံရခြင်း၏ အဓိကအကြောင်းအရင်းများ စသည့် အချက်များဟောပြောပြီး မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ချက်များ၊ လူကုန်ကူးသူများ အသုံးပြုသည့်နည်းလမ်းများ၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူကုန်ကူးမှုပုံစံများအကြောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
အဆိုပါ လူကုန်ကူးမှုဆိုင်ရာတာဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မင်းရန်အောင် ကျေးရွာမှ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ ဆရာမများ၊ ကျေးရွာသူ/ ကျေးရွာသားများ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေဇက်ထွန်း(မက်မန်း)