ကျိုက်မရော ဇန်နဝါရီ ၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကူးကို ကြိုဆိုသောအားဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများက ၂၀၂၅ ခုနှစ်၊ နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုနိုင်ရန်အတွက် ကောင်းမှူကုသိုလ်ပြုသူများ ပျော်ပွဲ ရွှင်ပွဲများ ဆင်နွဲကြသူများဖြင့် နေရာအနှံ စည်ကားသာယာလျက်ရှိကြောင်း သိရသည်။
ကျိုက်မရောမြို့ပေါ်ရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သည့် ဆုတောင်းပြည့်ဘုရားကြီးတွင် ဘုရားဖူးပြည်သူများ စတုဒီတာကျွေးမွေးသူများ၊ လာရောက်စားသုံးသူရပ်ဝေးရပ်နီးမှ ဧည့်သည်များဖြင့် စည်ကားလျက်ရှိပြီး အထင်ကရနေရာများဖြစ်သည့် ခရုံဂူ၊ စပယ်ဂူ၊ ဘားဘောင်ဂူ စသည့် နေရာများတွင်လည်း ဇာတ်ပွဲများ၊ စတိတ်ရှိူးများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ မိတ်ဆွေသူငယ်ချင်းများ အစုအဖွဲ့လိုက် ပါဝင်ဆင်နွှဲကြသူများဖြင့် နေရာအနှံ၌ အထူးစည်ကားသာယာလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)